ဖုန်း၊ ကွန်ပြူတာ နဲ့ မျက်စိပြဿနာ
ယနေ့ခေတ်ဟာ နည်းပညာတိုးတက်မှုတွေကြောင့် စမတ်ဖုန်း၊ ကွန်ပြူတာနဲ့ Tablet တွေကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။
လူတွေဟာ အချိန်တော်တော်များများကို Social Media ပေါ်မှာပဲ ကုန်ဆုံးလာကြတာနဲ့အမျှ မျက်စိကို ကြာရှည်စွာအသုံးပြုရခြင်းကြောင့် မျက်စိပြဿနာတွေလည်း များစွာခံစားလာရပါတယ်။
ဖုန်း၊ Tablet နဲ့ ကွန်ပြူတာမျက်နှာပြင်တွေကထွက်တဲ့ White Ray နဲ့ အထူးသဖြင့် Blue Ray တွေဟာ မျက်ကြည်လွှာ (Cornea) နဲ့ မှန်ဘီလူး (Lens) ကိုဖြတ်ပြီး မြင်လွှာ (Retina) ကို ရောက်ပါတယ်။ အချိန်ကြာလာတဲ့အခါ မြင်လွှာက ထိခိုက်ပြီး အမြင်အာရုံပြဿနာတွေ ဖြစ်စေပါတယ်။
Blue Light တွေက အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက် ပေးပါတယ်။
ဒါ့အပြင် Blue Light တွေက ရေတိမ်နဲ့ Macular Degeneration ကြောင့် အမြင်အာရုံဆုံးရှုံးမှုကိုလည်း ဖြစ်စေမှာပါ။
Blue Ray တွေက ဖြစ်စေတဲ့ နောက်တစ်ခုကတော့ မျက်စိအညောင်းမိတာပါပဲ။
အချိန်ကြာရှည်အသုံးပြုတာနဲ့အမျှ....
- ခေါင်းတွေကိုက်လာတာ
- မျက်လုံးတွေ နာလာတာ
- အလင်းရောင်ကို ကြည့်ရင်မခံနိုင်တာ၊ စူးနေတာ
- မျက်ရည်ပူတွေကျတာ
- မျက်လုံးတွေ ခြောက်နေတာ
- မျက်လုံးတွေပူပြီး ယားနေတာ
- မျက်စိတွေဝါးပြီး နှစ်ထပ်မြင်နေတာတွေဟာ မျက်စိအညောင်းမိတဲ့ လက္ခဏာတွေပါ။
ဒါဆို မသုံးရတော့ဘူးလား?
မဟုတ်ပါဘူးနော်၊ အင်တာနက်နဲ့ Social Media မသုံးရရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အရာရာနောက်ကျကျန်ခဲ့မှာမို့ မသုံးဘဲနေလို့တော့ မရနိုင်ပါဘူး။
မျက်စိကို မထိခိုက်အောင် ကာကွယ်ပြီး သုံးလို့ရပါတယ်။
- Blue Ray တွေကို ကာကွယ်ပေးတဲ့ ကွန်ပြူတာကြည့်မျက်မှန် တပ်ပါ။ နေကာမျက်မှန်က နေရောင်ခြည်ကို ကာကွယ်ပေးသလိုပဲ ကွန်ပြူတာကြည့်မျက်မှန်က Blue Ray တွေ မျက်လုံးကို မရောက်အောင် ကာကွယ်ပေးပါတယ်။
- Eye Proction Mood ကို On ထားပါ။ နောက်ပိုင်း ဖုန်းနဲ့ Tablet တွေမှာ Eye Proction Mood ဒါမှမဟုတ် Eye Care Mood ဆိုပြီး ပါတတ်ပါတယ်။ Display မှာ ရှာပြီး On ထားပါ။
- Eye Proction Mood မပါတဲ့ Android ဖုန်းတွေမှာ Display ထဲဝင်ပြီး Blue Light Filter (or) Night Light Filter ကို On လို့ ရပါတယ်။
- Brightness ကို လျှော့ချပါ။ Screen မျက်နှာပြင်ရဲ့ Brightness ကို ကိုယ်လိုချင်တဲ့ အနေအထားထိ (ဥပမာ မျက်စိမစူးတော့တဲ့အထိ) လျှော့ချထားပါ။
- မျက်လုံးကို အနားပေးပါ။ Screen ကို မိနစ် ၂၀ ကြည့်ပြီးတိုင်း တစ်မိနစ်ခန့်နားပါ။ ပေ ၂၀ အကွာအဝေးကို ကြည့်လိုက်၊ အနီးကိုကြည့်လိုက် လုပ်ပေးပါ။
- မျက်တောင် မကြာခဏခတ်ဖို့ သတိထားပါ။ Screen ကို ကြည့်နေစဥ် မျက်တောင်မခတ်မိတာကြောင့် ခြောက်သွေ့ပြီး ယားယံတာပါ။ လိုအပ်ရင် Artificial Tear ဖြစ်တဲ့ Cool Eye တို့လို မျက်စဥ်းမကြာခဏ ခပ်ပေးပါ။
- မျက်လုံးလေ့ကျင့်ခန်းလုပ်ပါ။ ခေါင်းကို တည့်တည့်ငြိမ်ငြိမ်ထားပြီး မျက်ဆံကို ဘယ်ဘက်ကြည့်လိုက်၊ ညာဘက်ကြည့်လိုက်၊ အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက် လုပ်ပါ။ နာရီလက်တံအတိုင်း ဒါမှမဟုတ် နာရီလက်တံပြောင်းပြန်အတိုင်း စက်ဝိုင်းပုံ ကြီးနိုင်သမျှကြီးကြီးရအောင် မျက်ဆံကို ရွေ့လျားပြီး ကြည့်ပါ။
အမြင်အာရုံကို အားဖြည့်ပေးမယ့် အစားတွေလည်း စားဖို့ လိုအပ်ပါတယ်။
ဘာတွေစားရမလဲဆိုတာကိုတော့ နောက်ဆောင်းပါးတစ်ပုဒ်မှာ ပြောပြပေးမှာမို့ ဖတ်ကြည့်ဖို့ မမေ့ပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်